Updating UI with JavaScript
ပထမဆုံးအနေနှင့် Code Editor ကိုဖွင့်ရမယ်။ နောက် index.html ဖိုင်တစ်ခုတည်ဆောပ်မယ်။
<html>
<body>
<div></div>
</body>
</html>
နောက်တော့ div
ထဲမှာ id
တစ်ခုပေးပါ။ id
သည် Web Page တစ်ခုလုံးမှာ တစ်ခုပဲ့ရှိရမှာပါ။ တူလို့မရပါဘူး။
<html>
<body>
<div id="app"></div>
</body>
</html>
ဆက်ပြီး HTML ဖိုင်အထဲမှာပဲ့ Script tag တစ်ခုရေးပေးရမယ်။
<html>
<body>
<div id="app"></div>
<script type="text/javascript"></script>
</body>
</html>
ဆိုတော့ HTML ထဲမှာ DOM Method ကိုသုံးလို့ရပြီ။ နောက် document ထဲမှာရှိတဲ့ id ကိုရယူချင်တာကြောင့် getElementById ကိုအသုံးပြုပါ့မယ်။ သတိထားပါ ကျွန်တော်တို့သည် document တစ်ခုလုံးမှာရှိတဲ့ id ကိုရယူမှာကြောင့် document ကို getElementById ရဲ့ ရှေ့ကနေ ပေးရတာပါ။
<html>
<body>
<div id="app"></div>
<script type="text/javascript">
const app = document.getElementById('app')
</script>
</body>
</html>
ဆက်လက်ပြီး DOM ကိုအသုံးပြုကာ h1
Element ကို Create လုပ်ပါမယ်။
<html>
<body>
<div id="app"></div>
<script type="text/javascript">
// Select the div element with 'app' id
const app = document.getElementById('app');
// Create a new H1 element
const header = document.createElement('h1');
// Create a new text node for the H1 element
const text = 'Never Give up!';
const headerContent = document.createTextNode(text);
// Append the text to the H1 element
header.appendChild(headerContent);
// Place the H1 element inside the div
app.appendChild(header);
</script>
</body>
</html>
အပေါ်မှာပြထားတဲ့ code တွေကိုသေချာ Copy ကူးပြီး Code Editor ထဲသို့ထည့်ပါ။ ထို့နောက် မိမိကြိုက်မှစ်သက်ရာ Browser ကိုအသုံးပြုပြီး File ကို Run ကြည့်ပါ။ ထိုအခါ h1
ဆိုတဲ့ Element နှင့်အတူ 'Never Give up!' ဆိုတဲ့ Text ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။