🎉 Beta
Learn
JavaScript
Intro To JavaScript

Intro To JavaScript

ဟေ့ရို့... JavaScript ကနေ လေ့လာသူများကို မိတ်ဆက်လိုက်ပါတယ်။ မင်္ဂလာပါဗျ။

Variable

ခွက်လေးတစ်လုံးထဲကို ရေထည့်ဖို့ခွက်လေးလိုတယ်။ အဲ့တော့ခွက်က Variable ပဲ့။ ရေကို ခွက်ထဲထည့်ပြီး သိမ်းထားမယ်ပေါ့။ ဗိုက်ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ခွက်ထဲအဆင်သင့်ထည့်ထားမယ်။ လိုအပ်ရင် ရေကိုယူသောက်မယ်။

JavaScript မှာလည်း အဲ့ဒီလို လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ စာသားလေးတစ်လုံး၊ နံပါတ်လေးတစ်ခုကို သိမ်းဆည်ဖို့ဆိုရင်လည်း variable လိုပါတယ်။ သူ့ရဲ့ဖွဲ့စည်းပုံက ဘယ်လိုပုံစံမျိုးလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

example.js
const a = 5  // 5

အပေါ်က code line အရ a ဆိုတာက ကျွန်တော်တို့ရဲ့ variable ဖြစ်ပါတယ်။ နံပါတ် 5 ကတော့ value ဖြစ်ပြီး a ထဲမှာ သိမ်းထားပါ့မယ်။ ရှေ့ဆုံးမှာတွေ့မြင်ရတဲ့ const ဆိုတဲ့ keyword a ကို ကိန်းသေတန်ဖိုး(constant) အဖြစ်ကြေငြာဖို့ဖြစ်ပါတယ်။

Our Goal: Store Number in a

ဒီသင်ခန်းစာမှာ variable တစ်ခုကို store ပြုလုပ်တာကို တတ်မြောက်ဖို့ဖြစ်တယ်။ variable မှာ ကြိုက်နှစ်သက်ရာတန်ဖိုးကို သိမ်းနိုင်ပါတယ်။ Number, Boolem, String, Array, Object စတာတွေပါဝင်ပါတယ်။ သိမ်းချင်တဲ့တန်ဖိုးကို ညီမျှခြင်းရဲ့ ညာဘက်မှာရေးပေးရမှာပါ။ သေချာအောင်လေ့လာပေးပါ။ ပြီးရင် နောက်သင်ခန်းစာ သွားကြတာပေါ့။