🎉 Beta
Learn
React
React Getting Started

React Getting Started

React ကို install တင်ပြီးတဲ့အခါ Default အတိုင်းပါလာတဲ့ Code တစ်ချို့ကို ပြုပြင်ရေးသားကြည့်ပါမယ်။ ပထမအနေနှင့် src folder ထဲက main.jsx ဖိုင်ကိုဝင်ရောက်ပြီးတဲ့အခါ import လုပ်ထားတဲ့ index.css ဖိုင်ကိုဖျက်ပစ်ပေးပါ။ ကျွန်တော်ကတော့ comment ပိတ်ခဲ့အခါပါတယ်။ import ရဲ့ အရှေ့ဆုံးကနေ // ထည့်လိုက်ရုံပါပဲ့။ အကြောင်းက Default ရေးထားတဲ့ CSS code ကိုအသုံးမပြုချင်လို့ပါ။

main.jsx
import React from 'react'
import ReactDOM from 'react-dom/client'
import App from './App.jsx'
// import './index.css'
 
ReactDOM.createRoot(document.getElementById('root')).render(
  <React.StrictMode>
    <App />
  </React.StrictMode>,
)

ထို့အနောက် src folder အထဲက App.jsx ဖိုင်ကို လှမ်းဖွင့်လိုက်တဲ့အခါမှာ Default Code တွေကိုမြင်တွေ့ရမှာပါ။ အားလုံးကိုဖျက်ပြီး အောက်ပါ Code ကိုအစားထိုးရေးသားကြည့်ပါ။

App.jsx
function App() {
  return <h1>Hello Ract!</h1>
}
 
export default App;

ရလဒ်အနေနဲ့ အောက်ပါအတိုင်းကို မြင်တွေ့ရမှာပါ။

image