🎉 Beta
Learn
JavaScript
Booleans

Booleans

ရှယ်ပဲ့ ရှေ့သင်ခန်းစာမှာ ကျွန်တော်တို့ Number Variable ကို Variable ထဲမှာ Store လုပ်ခဲ့ကြတယ်။ ​Variable ထဲမှာ မတူညီတဲ့ Data Type တွေအများကြီးကို Store လုပ်နိုင်ပေမယ့် အေးဆေးပေ့ါနော်။ ဒီတစ်ခါ Booleans ကို Store လုပ်ကြည့်ရအောင်။

သေချာတာက Booleans ကိုလည်း Variable ထဲ Store လုပ်နိုင်တယ်ဗျာ။ သိပ်ကြောက်သွားလား?? စိတ်မပူပါနဲ့ အေးဆေးပေ့ါ။ တကယ်တော့ ဒီကောင်က အလွယ်ဆုံးပဲ့။ True နှင့် False နှစ်ခုပဲ့။ လေ့လာကြည့်ရအောင်ပါ။

const loggedIn = false;

အပေါ်က code line အရ user ကို အကောင်းဝင်ခဲ့ပြီလား ဆိုတာကိုမေးတာဖြစ်တယ်။ သူသည် အကောင့် မဝင်ရသေးတာကြောင့် false ဆိုတာကို တွေ့မြင်ရမှာပါ။ တကယ်လို့သည အကောင့်ဝင်ခဲ့ပြီးရင် true ဆိုတာလေးကို မြင်တွေ့ရမှာပါ။ အိုခေပါ။ ဒါဆို true ဆိုတာလေးကို store ကြည့်ရအောင်။

const purchasedItem = true;

ဆိုတော့ user က ပစ္စည်းကို ဝယ်ခဲ့ပြီးပြီလား ပေ့ါနော်။​ ဟုတ်ပါတယ်။ ဝယ်ခဲ့ပါတယ် ဆိုတာကြောင့် သူသည် true ဆိုတဲ့ Booleans ကိုမြင်တွေ့နေရခြင်းဖြစ်ပါတယ်။

🏁 Your Goal: Create two boolean variables

ကျွန်တော်တို့သည် boolean ဆိုတဲ့ variable နှစ်ခုကို store လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်ခုက true ဖြစ်ပြီး နောက်တစ်ခုက false ပါ။