🎉 Beta
Learn
React
React Installation

React Installation

React ကိုအသုံးပြုဖို့အတွက် Ract Library ကို install ထားဖို့လိုအပ်ပါတယ်။ ဒီလို install ဖို့အတွက် npm ကိုအသုံးပြုရမှာဖြစ်တာကြောင့် ကျွန်တော်တို့ Computer ထဲတွင် node.js ရှိထားရပါမယ်။ အကြောင်းက npm သည် node.js ကို install တာနဲ့တစ်ခါတည်း ပါလာမှာဖြစ်တာကြောင့်ဖြစ်ပါတယ်။

install ပြီးတဲ့အခါ ကျွန်တော်တို့ရဲ့​ Computer ရဲ့ Terminal(Windows အသုံးပြုတဲ့ Learner များက CMD ပါ) ကနေပြီးတော့ အောက်ပါ command ကို အသုံးပြုပြီး Version များရရှိလာတဲ့အခါ Node.js ကို install လုပ်တဲ့အဆင့် အောင်မြင်ပါတယ်။ တကယ်လို့ အောက်ပါ အတိုင်း ရလဒ်များမရနေတဲ့အခါ အစကနေ ပြန်လည်ပြုလုပ်ဖို့ရန် လိုအပ်ပါတယ်။

// Terminal
sanlinhtike@192 ~ % npm -v
9.5.1
sanlinhtike@192 ~ % node -v
v18.16.1
sanlinhtike@192 ~ % 

React ကို install ဖို့ရန် အောက်ပါအဆင့်အတိုင်း လေ့လာသွားလို့ရပါတယ်။

./ STPE 1

ကျွန်တော်တို့ရဲ့ Computer ကနေပြီးတော့ Terminal ကို လက်ရှိ Directory(Folder) အောက်ကနေပြီးတော့ ခေါ်ပေးပါ။ နောက်ပြီး Terminal ကနေပြီးတော့ အောက်က command ကိုအသုံးပြုပေးပါ။ ပြီးရင် enter ပါ။

npm create vite@latest

ဒါတွေပြီးသွားတဲ့အခါ Project name ဆိုပြီး ကျွန်တော်တို့ကို လာမေးပါလိမ့်မယ်။ ကြိုက်နှစ်သက်ရာ name ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျွန်တော်ကနော့ react-hi ဆိုပြီး name ပေးလိုက်ပါမယ်။ ပြီးရင် enter ပါ။

// Terminal
sanlinhtike@Sans-MacBook-Air ReactDocs % npm create vite@latest 
 Project name: react-hi
? Select a framework: › - Use arrow-keys. Return to submit.
    Vanilla
    Vue
   React
    Preact
    Lit
    Svelte
    Solid
    Qwik
    Others

Up/Down Arrow Key ကိုအသုံးပြုပြီး ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင်သွားပေးပါ။ ကျွန်တော်က React  ကိုသွားချင်တာကြောင့် Down arrow key ဖြင့် အောက်ကိုဆင်းသွားပါတယ်။ လိုချင်တဲ့နေကိုရောက်သွားရင် enter ခေါက်ပေးပါ။ နော်ထပ် ကျွန်တော်တို့က JavaScript ကိုအသုံးမှာဖြစ်တာကြောင့် JavaScript ကို ထပ်ပြီးရွေးချယ်ပါတယ်။

// Terminal
sanlinhtike@Sans-MacBook-Air ReactDocs % npm create vite@latest 
 Project name:  react-hi
 Select a framework:  React
? Select a variant: › - Use arrow-keys. Return to submit.
    TypeScript
    TypeScript + SWC
   JavaScript
    JavaScript + SWC
// Terminal
sanlinhtike@Sans-MacBook-Air ReactDocs % npm create vite@latest 
 Project name:  react-hi
 Select a framework:  React
 Select a variant:  JavaScript
 
Scaffolding project in /Users/sanlinhtike/Desktop/ReactDocs/react-hi...
 
Done. Now run:
 
  cd react-hi
  npm install
  npm run dev
 
sanlinhtike@Sans-MacBook-Air ReactDocs % cd react-hi

cd react-hi ဆိုပြီး ကျွန်တော်တို့ရဲ့ directory ထဲကို terminal ကနေဝင်သွားပေးပါ။ ထို့နောက် package တွေကို install ဖို့အတွက် npm install ဆိုပြီး ထပ်မံပြီး Termianl ကနေဆက်သွားပေးရမှာဖြစ်ပါတယ်။ နောက်ဆုံး npm run dev ကို ထပ်ပြီး run ပေးလိုက်မယ်ဆိုရင် react app ကိုစတင်အသုံးပြုလို့ရသွားပြီးဖြစ်ပါတယ်။