What are programs 👋
Program ဆိုတာက လူတွေရေးတဲ့ စာသားဖိုင်(text file)ပါ။ အဲဒီဖိုင်က ကွန်ပျူတာကို ဘာလေးလုပ်ပေးပါ ဆိုပြီး ခိုင်စေတာပါ။ ဆိုတော့ အဲ့ဒီ file ကိုဖိုင်ကို တနည်းအားဖြင့် code ဖိုင်လို့လည်းခေါပါတယ်။ Program ရေးသားတဲ့သူကို Programmer တနည်းအားဖြင့် coder လို့လည်းခေါ်ပါတယ်။
Program တစ်ခုဖြစ်ဖို့ Programming Language ကို အသုံးပြုရေးရပြီးတော့ လူသားတွေ ဖတ်ရလွယ်ကူစေဖို့ Design ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Programmer များက တူညီသော code တွေကိုအသုံးပြုပြီး မတူညီတဲ့ concept အတွေးအခေါ်များနှင့် programm အများအပြားကို development လုပ်ကြပါတယ်။ (code များကိုရေးသားစဉ် အချိန်အတွင်း Progress ကို development လို့ခေါ်ပြီး End User(အသုံးပြုသူ) အသုံးပြုနိုင်ဖို့ ပြုလုပ်တာကို deployment လို့ခေါ်ပါတယ်။)
Program ရေးသားပြီးတဲ့အချိန် ကွန်ပျူတာနည်းလည်နိုင်ဖို့ အဲ့ဒီ Program ကို ဘာသာပြန်တဲ့အလုပ် ဆက်ပြီးလုပ်ဆောင်ရပါသေးတယ်။ ဒါကို Compiler or Interpreter လို့ခေါ်ပါတယ်။ အဲ့ဒီနှစ်ခုလုံးက code ကို တကြောင်းပြိး တစ်ကြောင်း ဖတ်ပါတယ်။ ဆိုလိုတာက code line number 1 ပြီးရင် 2,3,4 ဒီလိုပါ။
Parsing
Program တစ်ခုရဲ့ code line တစ်ခုစီတိုင်းမှာ သူ့အဓိပ္ပယ်နဲ့သူ အပိုင်းအစလေးတွေ ရှိပါတယ်။ အဲ့ဒီ တစ်ခုလုံးကို Statement လို့ခေါ်ပါတယ်။ လေ့လာကြည့်ရအောင်
const app = 1
အပေါ်က code line ကို အစိတ်အပိုင်းတစ်ခုချင်းစီခွဲထုတ်ပြီး လေ့လာခြင်းအားဖြင့် const
, app
, =
, 1
ဆိုပြီး ဖြန့်ကားလိုက်ပါ့မယ်။ ဒီလို Code line အပြည့်စုံကို Statement လို့လည်းခေါ်ပါတယ်။
const
ကို JS မှာ keyword လို့ခေါ်ပြီး Variable ကြေငြာဖို့(declaring) အသုံးပြုပါတယ်။ app
ကို variable name လို့ခေါ်ပါတယ်။ =
ကို assignment operator လို့ခေါ်ပါတယ်။ နောက်ဆုံး မှာ 1
ကိုတွေ့ရမှာပါ။ သူသည် value ဖြစ်ပြီး app
ဆိုတဲ့ variable ထဲမှာ ထည့်သွင်းသိမ်းထားမှာ ဖြစ်ပါတယ်။
ပိုမြင်သာအောင် ဥပမာလေးနဲ့ ပြပေးပါ့မယ်။ ရေခွက်လေးတစ်ခွက် ရှိတယ်ဆိုပါစို့။ အဲ့ဒီရေခွက်ကို အသုံးပြုပြီး ရေထည့်လို့ရမယ်။ ကောင်ဖီထည့်ဖို့ရမယ်။ အအေးထည့်လို့ရမယ်။ ဘောပင်၊ ခဲတံ စတာတွေထည့်လို့ရနိုင်ပါတယ်။ ဒီဥပမာအရ ရေခွက်ဆိုတာက const
ပါ။ ခွက်ရဲ့နာမည်ကို app
လို့ပေးထားပြီး ရေ၊ ကောင်ဖီ၊ အအေး၊ ခဲတံ၊ ဘောပင် တွေကိုက 1
ဆိုတဲ့ value ပေါ့။ value နေရာမှာ Array, Object, Bollum စတာတွေထည့်သုံးလို့ရပါတယ်။ ဒီအကြောင်းကို လာမည့်သင်ခန်းစာထဲ ထည့်ပါမယ်။ (မှတ်ချက် - မရှင်းရင်ပြန်ဖတ်ပါ။ ကိုယ့်ကိုကိုယ် အထင်စွတ်ကြီးပြီး တစ်ခါထဲရတယ်လို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဦနှောက်က Sorry လို့ပြောထာကို ကြားနိုင်မယ်ထင်ပါတယ်။)
ဘာတွေလဲဗျာ ရှုပ်နေတဲ့သူတွေအတွက် ခေါင်းရီးတို့ စိတ်မပူပါနဲ့ အေးဆေး။ ဒါက မိတ်ဆက်တာပဲ့ရှိသေးတယ်။ တဖြည်းဖြည်းနဲ့ သွားကြရအောင်နော်။ ဆိုတော့ အနာဂတ်မှာရှိတဲ့ သင်ခန်းစာရောက်မှ ကျွန်တော်တို့သေချာလေ့ရအောင်။ ဆိုတော့ နောက် lesson မှာ JavaScript syntax ရေးတာကိုလေ့လာကြည့်ရအောင်။